ပြင်သစ်အိုးပင်းမှာ ပြိုင်ဘက် ကမ္ဘာ့နံပါတ် ၁ ဆားဘီးယား တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ကို ၂နာရီနဲ့ ၄၁မိနစ်ကြာ ကစားပြီး

ပြင်သစ်အိုးပင်းရဲ့ စံချိန်တင် ချန်ပီယံ မြေစေးကွင်းဘုရင် နဒါးလ်ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဖက်ဒါရာ

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း မှာ ၁၃ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ မြေစေးကွင်းဘုရင် ရာဖေးလ်နဒါးလ် ကို ရော်ဂျာဖက်ဒါရာ က ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ စပိန် တင်းနစ် အကျော်အမော် ရာဖေးလ် နဒါးလ် ကတော့ အသက် ၃၄ နှစ်အရွယ် ရှိလာခဲ့ပေမယ့် လက်စွမ်း ပိုင်း ကျဆင်း လာခြင်း မရှိသေးတဲ့အပြင် တင်းနစ်လောကရဲ့ အမြင့်ဆုံး ဖြစ်တဲ့ ဂရန်းဆလမ်း ပြိုင်ပွဲတွေမှာ ဆုဖလား တွေ သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။ နဒါးလ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ပြင်သစ်အိုးပင်းမှာ ပြိုင်ဘက် ကမ္ဘာ့ နံပါတ် ၁ ဆားဘီးယား တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ကို  ၂နာရီနဲ့ ၄၁မိနစ်ကြာ ကစားပြီး ၆-၀၊

ဆက်လက် ဖတ်ရှုမည် →

68 | 0

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို နာမည်ကြီးတင်းနစ်ကစားသမားတွေ တော်တော်များများ ပါ၀င်ယှဉ်ပြိုင်ခြင်းမရှိ

ဖက်ဒါရာ၊ နဒါးလ် တို့ပါ၀င်လာခြင်းမရှိတဲ့ ယူအက်စ်အိုးပင်း

စပိန် တင်းနစ်အကျော်အ‌မော် ရာဖေးလ် နဒါးလ်အနေနဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ လက်ရှိယူအက်စ်အိုးပင်းချန်ပီယံလည်း ဖြစ်တဲ့ နဒါးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို အသေအချာထိန်းချုပ်နိုင်သေးတဲ့ အခြေအနေမဟုတ်တာကြောင့် အခုလိုပဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နဒါးလ်လိုပဲ ဖက်ဒါရာလည်း ဒီနှစ် ယူအက်စ်အိုပင်း မှာပါ၀င်လာမှာမဟုတ်ဘူးလို့သိရပါတယ်။ ဩဂုတ်လ ၃၁ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို နာမည်ကြီးတင်းနစ်ကစားသမားတွေ တော်တော်များများ ပါ၀င်ယှဉ်ပြိုင်ခြင်းမရှိဘူးလို့ သိရပေမယ့် ကျင်းပဖို့ ဆက်လက်စီစဉ်နေတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေခဲ့တာလည်းဖြစ်ပါတယ်။ နဒါးလ်က “လက်ရှိ ကမ္ဘာတစ်ဝှမ်းကျန်းမာရေးအခြေအနေက ရှုပ်ထွေးနေပါသေးတယ်။လက်ရှိ ရောဂါဖြစ်ပွားမှုတွေကလည်း တိုးနေဆဲဖြစ်ပြီး ပြင်းထန်‌တဲ့ အခြေအနေမှာရှိပါသေးတယ်။ အခုလို ဆုံးဖြတ်ချက် မချချင်ပါဘူး။ဒါပေမယ့် တစ်ကြိမ်မှာတော့ ကိုယ့်ရဲ့ခံစားချက်အတိုင်း လုပ်ချင်ပါတယ်။ ဒီအချိန် ခရီးမသွားချင်တာ ကြောင့်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ နာမည်ကြီး ဆာဘီးယားတင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ကတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပြီး အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံ

ဆက်လက် ဖတ်ရှုမည် →

43 | 0