လက်ကျန် ၄ ပွဲပဲ ကစားဖို့ကျန်တဲ့ ဘေယန်မြူးနစ်တို့ အခုပွဲနိုင်ရင် ရာသီမကုန်ခင်မှာတင်ပဲ ဘွန်ဒက်စ်လီဂါ ဖလား ကိုင်မြှောက်ခွင့်ရမှာ ဖြစ်တာကြောင့် နည်းပြ ဟန်ဆီဖလစ်ခ် အနေနဲ့ သူ့အသင်းသားတွေကို အာရုံစိုက် ကစားစေပါလိမ့်မယ်။

မိန့်ဇ်ကို အနိုင်ကစားပြီး ရာသီမကုန်ခင် ဖလားယူမယ့် ဘေယန်မြူးနစ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

မိန့်ဇ် – ဘေယန်မြူးနစ် အခုတစ်ပတ် စနေနေ့မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၁)ရဲ့ ပွဲစဉ် တချို့ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဘေယန်မြူးနစ်ကတော့ မိန့်ဇ်ရဲ့ အိမ်ကွင်း အိုပဲလ် အရီနားမှာ သွားကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အဓိကပြိုင်ဘက် လိုက်ပ်ဇစ်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဘေယန်မြူးနစ်တို့ အခုပွဲနိုင်ရင် ရာသီမကုန်ခင်မှာပဲ ၉ ရာသီဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရမှာ ဖြစ်တာကြောင့် အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ်ခံမယ် မထင်ပါဘူး။   opacity 0 ဒီနေရာတွင် နှိပ်ပါ နောက်ဆုံးကြေးများအား ကြည့်ရှုရန် စီးရီး အေ   မိန့်ဇ်တို့ နောက်ပိုင်း ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေမှာ ပုံစံကောင်းတစ်ခုနဲ့အတူ

ဆက်လက် ဖတ်ရှုမည် →

7 | 0

ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရသလို ပိုကယ်ဖလား ကနေလည်း စောစောစီးစီး ထွက်ခဲ့ရပြီး ဖြစ်တာကြောင့် ဟန်ဆီဖလစ်ခ်ရဲ့ အသင်းက ဘွန်ဒက်စ်လီဂါ ကိုပဲ မဖြစ်မနေ အာရုံစိုက်နေတာ တွေ့ရပါတယ်။

ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် ဘေယန်မြူးနစ်တို့ အမှားမလုပ်ဘူးလို့ ယုံကြည်တယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဘေယန်မြူးနစ် vs လေဗာကူဆင် အခုတစ်ပတ်ကြားရက်မှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေလည်း ကစားဖို့ ရှိနေပြီး ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ မှာ ကစားမယ့် ဘေယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ရဲ့ ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဘေယန်မြူးနစ်တို့ ဒီရာသီ အတွက် ဆုဖလား မျှော်လင့်ချက်ဟာ ဘွန်ဒက်စ်လီဂါမှာ ရှိတော့လို့ အာရုံစိုက်ကစားနေပြီး လေဗာကူဆင် ကလည်း ဥရောပဝင်ခွင့် တစ်နေရာ ရရှိဖို့ အမှားခံလို့ မရတာကြောင့် အခုပွဲကတော့ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ဘေယန်မြူးနစ်တို့ရဲ့ တိုက်စစ်က သိသိသာသာ အားနည်းသွားခဲ့လို့ ပြီးခဲ့တဲ့ ပွဲတွေမှာ မထင်မှတ်ပဲ ဆုံးရှုံးမှု ကြီးထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ်

ဆက်လက် ဖတ်ရှုမည် →

11 | 0

အီဒင် တာဇစ်ရဲ့ အသင်းဟာ ခြေစွမ်းပိုင်း ထင်သလောက် မဆိုးခဲ့ပေမယ့် ချန်ပီယံလိဂ် ပါ တွဲကစားခဲ့ရလို့ ဘွန်ဒက်စ်လီဂါရဲ့ ရလဒ်ပိုင်းကိုပါ ထိခိုက်ခဲ့ရတာ တွေ့ရပါတယ်။

အဘက်ဘက်က အသာရနေတဲ့ ဒေါ့မန်ကိုပဲ ရွေးချယ်ရမှာပါ – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဒေါ့မန် – ဝါဒါဘရီမင် အခုတစ်ပတ် အတွက် ကစားဖို့ ကျန်တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၉ ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲမှာတော့ ဒေါ့မန်တို့ ဝါဒါဘရီမင်တို့ တွေ့ဆုံနေပါတယ်။ ပထမအကျော့ ဝါဒါဘရီမင် ကွင်းမှာ အနိုင်ရထားတဲ့ ဒေါ့မန်တို့ အခုတစ်ကြိမ်မှာရော အသာရသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ အီဒင် တာဇစ်ရဲ့ အသင်းဟာ ခြေစွမ်းပိုင်း ထင်သလောက် မဆိုးခဲ့ပေမယ့် ချန်ပီယံလိဂ် ပါ တွဲကစားခဲ့ရလို့ ဘွန်ဒက်စ်လီဂါရဲ့ ရလဒ်ပိုင်းကိုပါ ထိခိုက်ခဲ့ရတာ တွေ့ရပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ဘေယန်မြူးနစ်၊ ဖရန့်ဖတ် တို့ကို ရှုံးနိမ့်ခဲ့ပြီး ကိုလုံးနဲ့ သရေကျကာ စတုဂတ်နဲ့ ဟာသာဘာလင် တို့ကိုတော့ အနိုင်ရခဲ့ပါတယ်။ လက်တလော အမှတ်ပေးဇယား

ဆက်လက် ဖတ်ရှုမည် →

16 | 0

ဖရန့်ဖတ် ကတော့ ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေ တော်တော်လေး ကောင်းနေတာ တွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။

အစဉ်အလာကို မေ့ပြီး ဖရန့်ဖတ်နဲ့အတူ စွန့်စားကြမယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

မိုချင်ဂလတ်ဘတ် vs ဖရန့်ဖတ် အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အမှတ်ပေးပြိုင်ပွဲတွေ ပြန်ကစားဖို့ ရှိပြီး ဘွန်ဒက်စ်လီဂါ မှာဆိုရင်တော့ အသင်းတချို့ရဲ့ စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေပါတယ်။ အဲ့ဒီထဲကမှ မိုချင်ဂလတ်ဘတ်နဲ့ ဖရန့်ဖတ်တို့ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်ကတော့ မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ အစဉ်အလာအရ မိုချင်ဂလတ်ဘတ်တို့ အသာရခဲ့ပေမယ့် လက်ရှိ‌ ခြေစွမ်းပိုင်းမှာ တက်ရိပ်ပြနေတဲ့ ဖရန့်ဖတ်ကြောင့် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ မိုချင်ဂလတ်ဘတ်တို့ ရလဒ်တွေ တောက်လျောက်ဆိုးရွားပြီး ရှုံးပွဲဆက်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃ ပွဲ မှာတော့ ရှုံးပွဲမရှိတော့ပါဘူး။ ရှောလ်ကီနဲ့ ဖရိုင်းဘတ်ကို အနိုင်ကစားပြီး ဟာသာဘာလင်နဲ့ ပွဲမှာတော့ သရေကျထားပါတယ်။ ဂလတ်ဘတ်တို့ လက်ရှိ

ဆက်လက် ဖတ်ရှုမည် →

17 | 0

ဘေယန်မြူးနစ်ကတော့ ချန်ပီယံလိဂ် ကို လက်ပြနှုတ်ဆက်ထားရပြီး အရှေ့မှာလည်း ပိုကယ်ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားရလို့ ဘွန်ဒက်စ်လီဂါ မှာပါ ခြေထပ်ချော်ရင် ရာသီအကုန်မှာ ဖလားလက်မဲ့ ဖြစ်ရပါလိမ့်မယ်။

အိမ်ကွင်းရှုံးပွဲ မရှိသေးတဲ့ ဝုဖ်ဘတ်ကို ဘေယန်မြူးနစ်တို့ ခက်ခက်ခဲခဲ ကစားရမယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

ဝုဖ်ဘတ် – ဘေယန်မြူးနစ် အခုတစ်ပတ် ကြားရက်မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ်‌ ၂၉ ကို ဆက်လက် ကစားကြမှာဖြစ်ပြီး အသင်းကြီး တချို့ သတိထားရမယ့် ပွဲကောင်းတွေ ရှိနေပါတယ်။ ဒီရာသီမှာ ဆုဖလား အောင်မြင်မှု ရဖို့ဆိုရင် ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကို အာရုံစိုက်ရတော့မယ့် ဘေယန်မြူးနစ်တို့ ခြေတက်နေတဲ့ ဝုဖ်ဘတ်နဲ့ ကစားရမှာ ဖြစ်လို့ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဝုဖ်ဘတ်တို့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း ရှုံးပွဲလုံးဝ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။ အိမ်ကွင်း ပွဲစဉ် ၁၃ ပွဲ ကစားထားရာမှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ ကျထားပြီး လက်ရှိမှာလည်း အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေလို့

ဆက်လက် ဖတ်ရှုမည် →

14 | 0