အန်ဘီအေ အကောင်းဆုံး ကစားသမားဆုကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့ တဲ့ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။

အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အန်ဘီအေ ချန်ပီယံဆုကို ၁၇ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ အဲလ်အေလိတ်ကာစ်

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် (၆) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ် ပွဲစဉ် ၆ မှာတော့ အဲလ်အေလိတ်ကာစ်တို့ တစ်သင်းလုံး အကောင်းဆုံးလက်စွမ်းပြပြီး မီယာမီဟိထ်ကို အနိုင် ယူခဲ့လို့ ၁၀ နှစ်ကြာဝေးကွာနေတဲ့ အန်ဘီအေ ဆုဖလားကြီးကို တကျော့ပြန်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲလ်အေ လိတ်ကာစ် အတွက် ၁၇ ကြိမ်မြောက်ရရှိခဲ့တဲ့ ဆုဖြစ်ပြီး နာမည်ကျော် လီဘရွန်ဂျိမ်းစ်ဟာလည်း အန်ဘီအေ ဆုဖလားကို မတူညီတဲ့ အသင်း ၃ သင်းနဲ့ ရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့သလို အန်ဘီအေ အကောင်းဆုံးကစား သမား ဆုကို ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။ ၂၀၂၀ အန်ဘီအေ ပြိုင်ပွဲကတော့ အရင်နှစ်တွေလို မဟုတ်ခဲ့ပဲ ကိုဗစ်ကပ်ရောဂါကြောင့် ပွဲစဉ်တွေ

ဆက်လက် ဖတ်ရှုမည် →

တစ်ဦးချင်း အားနဲ့ ရုန်းနေတဲ့ လီဘရွန်ဂျိမ်းစ်က အန်ဘီအေ ဗိုလ်လုပွဲမှာ ပိုပြီးစွမ်းဆောင်ထားနိုင်တယ်လို့ ဆိုရမှာပါ။

၁၇ ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ်ဆု ကိုင်မြှောက်ခွင့်အတွက် အမှားခံမှာ မဟုတ်တော့တဲ့ အဲလ်အေလိတ်ကာစ်

အဲလ်အေလိတ်ကာစ် vs မီယာမီဟိထ် (ပွဲစဉ် ၆) လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန်မှာ အဲလ်အေလိတ်ကာစ်နဲ့ မီယာမီဟိထ်တို့ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ်(၆)အဖြစ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိမှာ အဲလ်အေ လိတ်ကာစ်တို့ ၃ပွဲ ၂ပွဲနဲ့ မီယာမီဟိထ် ကို  ဦးဆောင်နေလို့ လာမယ့်ပွဲစဉ်ကတော့ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ အကြိတ် အနယ်ရှိလာဦးမှာ အသေအချာပါပဲ။ အစောပိုင်းပွဲစဉ် ၂ ပွဲမှာ အဲလ်အေလိတ်ကာစ်တို့ အနိုင်ရရှိပြီး ပွဲစဉ် ၃မှာတော့ မီယာမီဟိထ်တို့က ပြန်လည် အနိုင်ရခဲ့ပါ တယ်။ ပွဲစဉ် ၄ အပြီးမှာ လိတ်ကာစ်တို့ ၃-၁ နဲ့ ပြန်လည် ဦးဆောင်နိုင် ခဲ့ပေမယ့်

ဆက်လက် ဖတ်ရှုမည် →

အန်ဘီအေဗိုလ်လုပွဲ ပွဲစဉ် (၃)က အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့လို့ လိတ်ကာစ်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၁၇ ကြိမ်မြောက် အန်ဘီအေချန်ပီယံရှစ်ဆုနဲ့ လက်တကမ်းအကွာကို ရောက်လာတဲ့ အဲလ်အေလိတ်ကာစ်

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ   ပွဲစဉ် (၄) အဲလ်အေလိတ်ကာစ် ၁၀၂ – ၉၆ မီယာမီဟိထ်  အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ်(၄)အဖြစ် အဲလ်အေလိတ်ကာစ်နဲ့ မီယာမီဟိထ်တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာမှာတော့ လိတ်ကာစ်တို့က ၁၀၂-၉၆ နဲ့ အနိုင်ရပြီး ၃ပွဲ ၁ပွဲနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီဒေးဗစ်တို့ အနေနဲ့ ပြီးခဲ့တဲ့ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ် (၃)က အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့လို့ လိတ်ကာစ်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းစ် အနေနဲ့ ၂၈ မှတ်၊ ရီဘောင်း ၁၂ ကြိမ်၊   ဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အန်တိုနီဒေးဗစ်ကတော့ ၂၂မှတ်၊

ဆက်လက် ဖတ်ရှုမည် →

၁၇ ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ်ဆု ရရှိဖို့ အခြေအနေ ကောင်းနေခဲ့တယ်

ဂျိမ်းစ်-ဒေးဗစ်အတွဲရဲ့တောက်ပမှုနဲ့ လိတ်ကာစ်တို့ပဲ နိုင်ပွဲထပ်ရသွားဦးမယ့် ၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

အဲလ်အေလိတ်ကာစ် vs  မီယာမီဟိထ် (ပွဲစဉ် ၄) လာမယ့် အောက်တိုဘာလ ၇ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ အချိန်မှာ အန်ဘီအေ ဗိုလ်လုပွဲ ပွဲစဉ်(၄) အဖြစ် အဲလ်အေလိတ်ကာစ်နဲ့ မီယာမီဟိထ်တို့ ဆက်လက်ကစားဖို့ရှိနေပါတယ်။ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ အဲလ်အေလိတ်ကာစ်တို့က ၂ ပွဲ ၁ပွဲနဲ့ဦးဆောင်ထားပြီး ၁၇ ကြိမ်မြောက် အန်ဘီအေ ချန်ပီယံရှစ်ဆု ရရှိဖို့ အခြေအနေ ကောင်းနေခဲ့တယ် ဆိုပေမယ့် မီယာမီဟိထ်ရဲ့ ကစားပုံကြောင့် ပွဲစဉ်(၄) ကစလို့ ပိုပြီး အကြိတ်အနယ် ရှိလာဦးမှာပါ။ ပထမပွဲစဉ် နှစ်ပွဲမှာ လိတ်ကာစ်တို့ မီယာမီကို အပြတ်အသတ် အသာ စီးရခဲ့တယ် ဆိုပေမယ့် ပွဲစဉ်(၃) လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီဒေးဗစ်တို့ရဲ့

ဆက်လက် ဖတ်ရှုမည် →

အန်ဘီအေ ဗိုလ်လုပွဲစဉ် ၃အပြီးမှာ လိတ်ကာစ်က ၂ ပွဲနိုင်၊ ဟိထ်က ၁ပွဲ နိုင်နဲ့ ပိုပြီး အကြိတ်အနယ် ရှိလာခဲ့ပါတယ်။

ပွဲစဉ် ၃ အပြီး အကြိတ်အနယ်ပိုရှိလာတဲ့ ၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ

၂၀၂၀ အန်ဘီအေ ဗိုလ်လုပွဲ   ပွဲစဉ် (၃) အဲလ်အေလိတ်ကာစ် ၁၀၄ – ၁၁၅ မီယာမီဟိထ် ၂၀၂၀ အန်ဘီအေချန်ပီယံရှစ် ဖိုင်နယ်အဆင့်ကိုတော့ အဲလ်အေလိတ်ကာစ် နဲ့ မီယာမီဟိထ်တို့ တက်ရောက် ခဲ့ကြပြီး လက်ရှိအချိန်ထိ ပွဲစဉ် ၄ပွဲ ကစားပြီး ချိန်မှာ လိတ်ကာစ်တို့က ၂ ပွဲ ၁ပွဲနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ပွဲစဉ် ၁ နဲ့ ၂မှာ အနိုင်ရရှိထားတဲ့ လိတ်ကာစ်တို့ ပွဲစဉ် ၃ မှာတော့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်နဲ့ အန်တိုနီ ဒေးဗစ်တို့ ရုံးကန်ရခဲ့တာ တွေ့ရပြီး ဒီအားနည်းချက်ကို မီယာမီဟိထ် ကစားသမား ဂျင်မီဘတ်တလာ က အကောင်းဆုံး အခွင့်အရေး ပြန်ယူနိုင်ခဲ့လို့

ဆက်လက် ဖတ်ရှုမည် →

မီယာမီဟိထ်တို့ အန်ဘီအေ အရှေ့ကွန်းဖရင့်မှာ ချန်ပီယံ ၅ကြိမ်ဖြစ်ထားပြီး

အန်ဘီအေ အရှေ့ကွန်းဖရင့်ဗိုလ်လုပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

အန်ဘီအေ ကွန်းဖရင့်ဖိုင်နယ်ပွဲစဉ်တွေကတော့ အရှေ့ပိုင်းမှာရော အနောက်ပိုင်းမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်နေခဲ့ပြီး ၂၀၂၀  အန်ဘီအေ အရှေ့ကွန်းဖရင့်ဗိုလ်လုပွဲမှာတော့ ချန်ပီယံရှစ်ဆုဖလားကို အများဆုံးရရှိထားတဲ့ ဘော်စတွန်ဆဲလ်တစ်နဲ့ နာမည်ကြီး မီယာမီဟိထ်တို့ ယှဉ်ပြိုင်ကစားနေကြပါတယ်။   ဘော်စတွန်ဆဲလ်တစ် Vs မီယာမီဟိထ် အရင်ဆုံး နိုင်ပွဲ ၄ ပွဲရတဲ့ အသင်းဟာ ကွန်းဖရင့်ချန်ပီယံဖြစ်လာမှာ ဖြစ်သလို  အန်ဘီအေ ချန်ပီယံရှစ်ဗိုလ်လုပွဲကိုလည်း တက်ရောက်က ကစားခွင့်ရမှာ ဖြစ်ပါတယ်။ လက်တလောမှာတော့ မီယာမီဟိထ်က ဘော်စတွန် ဆဲလ်တစ်ကို ၃ပွဲ၁ပွဲနဲ့ ဦးဆောင်ထားနိုင်လို့ လာမယ့် ပွဲစဉ် ၅ မှာ အနိုင်ရတာနဲ့ ဟိထ်တို့ အရှေ့ကွန်းဖရင့် ရဲ့ ၆ ကြိမ်မြောက်  ချန်ပီယံ ဖြစ်လာဖို့ ရှိနေသလို ၂၀၂၀ အန်ဘီအေ ချန်ပီယံရှစ်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက် ဖတ်ရှုမည် →

ဖောလ် ဟာ အန်ဘီအေ သမိုင်းတစ်လျှောက် အရပ်အမောင်း အမြင့်မားဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

လက်ရှိ အန်ဘီအေရဲ့အရပ်အမောင်းအမြင့်မားဆုံးကစားသမားများ

ဘတ်စကတ်ဘော ဆိုတာ အရပ်ရှည်တဲ့ သူတွေပဲ ကစားလို့ရတဲ့ အားကစားတစ်ခုလို့ တထစ်ချ ပြောလို့မရပေမယ့် ၁၀ ပေအမြင့်ရှိတဲ့ တိုင်ထိပ်က ဂိုးခြင်းထဲကို ဘောလုံးဝင်အောင် သွင်းယူနိုင်ဖို့ဆိုရင်တော့ ကစားသမား အနေနဲ့ အရပ်အမောင်းမြင့်မားမှပဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမား အများစုရဲ့ ခန့်မှန်းအရပ်အမောင်းဟာ အနိမ့်ဆုံး ၆ ပေနဲ့ အထက်မှာရှိနေကြပြီး ကမ္ဘာ့နံပါတ် ၁ ဘတ်စကတ်ဘောပြိုင်ပွဲ အန်ဘီအေ မှာ ကစားနေကြတဲ့ ကစားသမားအများစုကတော့ အရပ်အမောင်းတော်တော်လေး မြင့်မားကြတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိ အန်ဘီအေ မှာ ကစားနေကြတဲ့ အရပ်အမောင်း အမြင့်ဆုံးကစားသမားတွေက ဘယ်သူတွေလဲဆိုတာ SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးပါဦးမယ်။   ၁။ တက်ကို ဖောလ် (၇ပေ ၆လက်မ) အသက် ၂၄

ဆက်လက် ဖတ်ရှုမည် →

အဲလ်အေလိတ်ကာစ်တို့ ၂၀၁၀နောက်ပိုင်း အန်ဘီအေ ကွန်းဖရင့် ဗိုလ်လုပွဲကို တဖန်တက်လှမ်းနိုင်ခဲ့

အန်ဘီအေ အနောက်ကွန်းဖရင့်ဗိုလ်လုပွဲစဉ်(၄) ပွဲကြိုသုံးသပ်ချက်

၂၀၂၀ အန်ဘီအေ ပွဲစဉ်တွေဟာဆိုရင်တော့ ပြီးဆုံးဖို့ တဖြေးဖြေးနီးကပ်လာခဲ့ပြီး အခုဆိုရင် အရှေ့နဲ့ အနောက် ကွန်းဖရင့် ဗိုလ်လုပွဲတွေတောင် ကစားနေပါပြီ။ အနောက်ကွန်းဖရင့်မှာတော့ နာမည်ကြီး အဲလ်အေလိတ်ကာစ် နဲ့ ဒန်ဗားနူးဂတ်စ်တို့ ဗိုလ်လုနေကြပြီးတော့ လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇:၃၀ အချိန်မှာ  ပွဲစဉ် (၄)ကို ဆက်လက်ကစားဖို့ရှိနေကြပါတယ်။   အဲလ်အေလိတ်ကာစ် Vs ဒန်ဗားနူးဂတ်စ် (ပွဲစဉ် ၄) ကွန်းဖရင့်တစ်ခုစီကနေ ရှုံးထွက်အဆင့်ကိုရောက်လာတဲ့ အသင်းပေါင်း ၁၆သင်းကနေ အခုဆိုရင် ၄သင်းသာကျန်ရှိပြီး ကွန်းဖရင့် ဗိုလ်လုပွဲစဉ်တွေကိုလည်း ကစားနေကြပြီ ဖြစ်ပါတယ်။ အနောက်ပိုင်းရဲ့နာမည်ကြီး အဲလ်အေလိတ်ကာစ်တို့ ၂၀၁၀နောက်ပိုင်း အန်ဘီအေ ကွန်းဖရင့် ဗိုလ်လုပွဲကို တဖန်တက်လှမ်းနိုင်ခဲ့တာ ဖြစ်သလို ဒန်ဗားနူးဂတ်စ် တို့ကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း

ဆက်လက် ဖတ်ရှုမည် →

အန်ဘီအေမျိုးဆက်ရဲ့ အတောက်ပဆုံးကစားသမားလို့ပြောရမယ့် လီဘရွန်ဂျိမ်းစ်ဟာ လက်ရှိ အဲလ်အေလိတ်ကာစ်အသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။

အန်ဘီအေသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမား ၅ဦး

၂၀၂၀ခုနှစ် အန်ဘီအေပြိုင်ပွဲကြီးကလည်း တဖြေးဖြေးပြီးဆုံးဖို့ နီးကပ်လာချိန်မှာ SBOTOPရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် ဘယ်ကစားသမားတွေက သမိုင်းတစ်လျှောက်အအောင်မြင်ဆုံး ရပ်တည်ထားနိုင်လဲဆိုတာ ဖော်ပြပေးသွားပါမယ်။   ၅။ မက်ဂျစ်ဂျွန်ဆင် ( ၁၉၈၀-၁၉၉၆) လီဘရွန်ဂျိမ်းစ် အသင်းကို  မရောက်ရှိခင် အဲလ်အေလိတ်ကာစ် ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အဲလ်အေလိတ်ကာ့စ်အသင်းမှာ ၁၆နှစ်အကြာကစားခဲ့ပြီး သူ့ရဲ့တစ်ပွဲပျမ်းမျှစွမ်းဆောင်ရည်ဟာ ၁၉.၅မှတ်၊၇.၂ ရီဘောင်း၊ဖန်တီးမှု ၁၁.၂ကြိမ်ထိရှိထားပါတယ်။ စုစုပေါင်း ၁၃၈ပွဲကစားခဲ့တဲ့ မက်ဂျစ်ဂျွန်ဆင်ဟာ ရမှတ်၊ရီဘောင်း၊ဖန်တီးမှုနဲ့ ပိတ်ဆို့မှုကို  တစ်ပွဲတည်း အနည်းဆုံး ၁၀ဂဏန်းထက်မနည်းစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဂျစ်ဂျွန်ဆင်ဟာ လိတ်ကာစ်အသင်းကိုဦးဆောင်ပြီး အန်ဘီအေ ချန်ပီယံရှစ် ၅ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားလည်း ဖြစ်သလို သမိုင်းတစ်လျှောက် အကောင်းဆုံးလူစားဝင်ကစားသမားအဖြစ် အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။   ၄။ ဝလ်တ်ချိန်ဘာလိန် (၁၉၆၀-၁၉၇၃) အရပ်

ဆက်လက် ဖတ်ရှုမည် →

အန်ဘီအေ ၅၈ပွဲမှာ တစ်ပွဲပျမ်းမှာ ၁၅.၄မှတ်၊ ရီဘောင်း ၆.၃၊ ဖန်တီးပေးပို့မှု ၁.၅ကြိမ်ထိရှိခဲ့ပါတယ်

လာမယ့်နှစ် အန်ဘီအေမှာ ဘလေဇာအသင်းနဲ့ ဆက်ကစားချင်နေတဲ့ ကာမယ်လို အန်တိုနီ

ပို့တ်လန်းထရေးလ်ဘလေဇာ အသင်းဟာ နာမည်ကြီး အဲလ်အေလိတ်ကာစ် အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့်လည်း ၄-၁ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အန်ဘီအေ ရှုံးထွက်အဆင့်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။ ပထမအကျော့မှာ ဘလေဇာတို့ အနိုင်ရခဲ့လို့ ဒီနှစ်မှာ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင်မလားဆိုပြီး ခန့်မှန်းခဲ့ကြပေမယ့် နောက်ထပ် ကစားရတဲ့ ပွဲတွေအားလုံးမှာ  အဲလ်အေလိတ်ကာစ် အသင်းက ပြန်လည် အနိုင်ရခဲ့လို့ ဘလေဇာတို့ အခုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပဉ္စမမြောက်ပွဲစဉ်ကတော့ အမှတ်တရရှိခဲ့ပြီးတော့ အဲ့ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်သွားခဲ့တဲ့ ကစားသမားကတော့ ထရေးလ်ဘလေဇာအသင်းရဲ့ ကစားသမား ကာမယ်လို အန်တိုနီပဲ ဖြစ်ပါတယ်။ အခုရာသီကမှ ထရေးလ်ဘလေဇာ အသင်းကို ရောက်ရှိလာနဲ့ ကာမယ်လိုဟာ ဘတ်စ်ကတ်ဘောပွဲတွေနဲ့ တစ်နှစ်နီးပါးလောက် အဆက်ပြတ်‌နေခဲ့ပေမယ့် ပါ၀င်ကစားထားတဲ့ အန်ဘီအေ ၅၈ပွဲမှာ တစ်ပွဲပျမ်းမှာ ၁၅.၄မှတ်၊

ဆက်လက် ဖတ်ရှုမည် →